Blogger Tips and TricksLatest Tips For BloggersBlogger Tricks
My Blogger TricksAll Blogger TricksAll Blogging Tips

Sunday, December 1, 2013

Computer ၀ယ်တော့မယ်ဆိုရင်

Computer ၀ယ်တော့မယ်ဆိုရင်

ကွန်ပြုတာဝယ်ရင် သတိပြုမိကြစေဖို့ ဒီ ပိုစ်ကိုတင်ရတာပါ
ကွန်ပျူတာကိုသေချာကြည့်ပါ..ဥပမာ.မိမိက ကွန်ပျူတာ ၀ယ်မယ်
ဆိုရင် ပိုက်ဆံရှိပြီဆိုတာနဲ့ ချက်ချင်း ဆိုင်ကိုပြေးမ၀ယ်ပါသေးနဲ့ဦး..

အရင်ဆုံး ကိုယ်ဝယ်လိုတဲ့ ဆိုင်ကို အရင်သွားပါ..မိမိစိတ်ကြိုက်
ကွန်ပျူတာကိုတွေ့ရင် Model နံပတ်နဲ့အရောင်အမျိုးအစားကို မှတ်သားပြီး..အင်တာနက်ပေါ်သို့တက်ပါ..ပြီးတာနဲ့ မိမိမှတ်သား
လာတဲ့ မော်ဒယ်နံပတ်ကို အင်တာနက်မယ် ရိုက်ပြီးရှာကြည့်ပါ။
အရောင်တူနေတယ်..ပုံစံတူနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး..
မတူဘူးဆိုရင်တော့ သတိထားဖို့အကြံပေးပါရစေ.
အချိုလိမ့်ရောင်း သူတွေက processor ကို လိမ့်ပြီ ရောင်းတာတွေ
ရှိပါတယ် အဲဒီ processor က ကိုယ်ကြိုက်သလို လုပ်ထားလိုရပါတယ်
my computer ကို right click နှိပ်ပြီး properties ၀င်လိုက်ပါ
ဒီလိုလေး တွေပါလိမ့်မယ်
ဒီ processor ကို ကြည့်ပြီးဝယ်မယ်ဆိုရင်တော့ စဉ်းစားသင့်ပါတယ်
ဘာလိုလဲ ဆိုတော့ သူကို မြင့်ထားလို ရပါတယ် ဥပမာ .. pentium III
ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ...
မျက်နှာပန်းလဲလှချင်တယ်ပေါ့ ... ဟဲဟဲ ချက်ချင်းကို အခုအချိန်အထိ
မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ...
မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...
start>> run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_loval_machine>> Haadware>> Description>> system>>
Central Processor >>or( 1 )ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..

အသိလေးများတိုးပွားပါစေ......

ကိုခိုင်ညီလင်း ဆီကပဲနော်....

0 comments:

Post a Comment